User Guide

Eleven Online Store အကြောင်း

Eleven Media Group မှ ထုတ်ဝေသော နေ့စဉ်ထုတ် သတင်းစာဖြစ်သော Daily Eleven News Papers ၊ အပါတ်စဉ်ထုတ် Weeklyeleven News Journals ၊ First Eleven Sport Journals နှင့် Premier Eleven Sports Journal များကို ၀ယ်ယူပြီး လူကြီးမင်းတို့၏ Mobile phone၊ Tablet နှင့် PC တို့တွင် အလွယ်တကူ ဖတ်ရှုနိုင်ရန် အတွက် Eleven Digital Paper ကို ထုတ်ဝေခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် Android ဖုန်းများ တွင် ဖတ်ရှုနိုင်သော Application ကို ပြုလုပ်ပြီးဖြစ်ပါသည်။ iOS ဖုန်းများ အတွက် မကြာမှီ ဖြန့်ချီတော့မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

Eleven Online Store အသုံးပြုနည်းလမ်းညွှန်

Eleven online store ကို ၀င်ရောက်ရန်အတွက် အင်တာနက်လိပ်စာမှာ www.store.news-eleven.com ဖြစ်သည်။

  1. User Account တစ်ခု ပြုလုပ်ခြင်း
  2. ဝယ်ယူခြင်း အဆင့်များ
  3. Eleven Digital Newspaper Reader for Mobile(Android) အား အသုံးပြုပုံ
  4. Mobile Application တွင် Zoom ဖြင့် ဖတ်ရှုခြင်း


Eleven online store homepage အား မြင်တွေ့ရပုံ

Eleven online store မှ သတင်းစာနှင့် ဂျာနယ်များကို ဖတ်ရှုနိုင်ရန်အတွက် အောက်ဖော်ပြပါအဆင့်များအတိုင်း ဆက်လက်ဆောင်ရွက်ပါ။

 ၁။ User Account တစ်ခု ပြုလုပ်ခြင်း

အထက် ပုံတွင်ဖော်ပြထားသည့်အတိုင်း Register ကို နှိပ်ပါ။

ထို့နောက် အထက်ဖော်ပြပါပုံအတိုင်း လိုအပ်သော အချက်အလက်များကို ဖြည့်ပြီး Continue ကို နှိပ်ပါ။ User Account ပြုလုပ်ပြီးကြောင်း ဖော်ပြသော စာမျက်နှာအား တွေ့ရမည်ဖြစ်သည်။

သင်သည် အလိုအလျောက် Login ၀င်ပြီးသား ဖြစ်နေလိမ့်မည်။ Continue ကို နှိပ်ပါ။ သင့်၏စာအုပ်စင် ကို အောက်ဖော်ပြပါပုံအတိုင်း မြင်တွေ့ရလိမ့်မည်။

၂။    ၀ယ်ယူခြင်းအဆင့်များ

 

၃။ Eleven Digital Paper Reader for Mobile (Android) အား အသုံးပြုပုံ

Newspaper Reader Application မှာ ပုံမှန်ဖတ်နေကျသတင်းစာများအတိုင်း မိုဘိုင်းဖုန်းများတွင် Eleven သတင်းစာနှင့် ဂျာနယ်များကို ဖတ်ရှုနိုင်ရန် စီစဉ်တင်ဆက်ထားသော Application တစ်ခုဖြစ်သည်။ Eleven Digital Paper Mobile Application အား အသုံးပြုခင် store.news-eleven.com တွင် Register ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် Mobile Application (Android) ကို ဤ Link တွင် Download  ရယူလိုက်ပါ။

အသုံးပြုနည်းလမ်းညွှန်

သင့် ဖုန်းတွင် Mobile Application အား Install သွင်းပြီးပါက Eleven Digital Paper Reader အား အောက်ပါ icon ဖြင့် တွေ့မြင်ရမည် ဖြစ်သည်။

ထို့နောက် Mobile Application အား ဖွင့်ပါ။ Email နှင့် Password တောင်းလာပါမည်။ store.news-eleven.com တွင် Register လုပ်ထားသော Email နှင့် Password ကို အသုံးပြု၍ ဝင်ရောက်နိုင်ပါသည်။ (မှတ်ချက်။ ။ Account တစ်ခုသည် ဖုန်း တစ်လုံး အတွက်သာ ဖြစ်ပါသည်။)

Login ဝင်ပြီးပါက Digital Paper Stand ကို အောက်ပါ ပုံအတိုင်း မြင်တွေ့ရပါမည်။ Digital Paper Stand တွင် သင် ဝယ်ယူထားသည့် Package အရ Digital Paper များကို မြင်တွေ့နေရမည် ဖြစ်ပြီး။ သင် အမှတ်တရ (သို့မဟုတ်) ပြန်လည် ဖတ်ရှုလိုသော မည်သည့် Digital Paper ကို မဆို Save လုပ်၍ သိမ်းဆည်းထားနိုင်ပါသည်။ (မှတ်ချက်။ ။ မိမိ ဖုန်း၏ Storage ပေါ်မူတည်၍ သိမ်းဆည်းထားရန် လိုအပ်ပါသည်။)

Mobile Application အား ရှင်းလင်းတင်ပြခြင်း

Update Stand သည် သင့် Stand ပေါ်သို့ Digital Paper အသစ်များ တိုးလာအောင် ပြုလုပ်ပေးနိုင်ပါသည်။ (မှတ်ချက်။ ။ ပုံမှန် အခြေအနေတွေ အချိန်အပိုင်းအခြား တစ်ခုဖြင့် Update ပြုလုပ်ပေးသော်လည်း Internet ပြတ်တောက်ခြင်းနှင့် နှေးကွေးခြင်းကြောင့် Update မဖြစ်ပါက Update ဖြစ်အောင် ပြုလုပ်နိုင်သော Tool ဖြစ်ပါသည်။)

User Profile သည် လက်ရှိ Login ဝင်ထားသော User Account ၏ Profile ဖြစ်ပါသည်။ Journal Stand သည် Digital Paper Stand ဖြစ်ပါသည်။ My Journal Stand သည် သင် Save လုပ်ထားသော Digital Paper များ အား Download ပြုလုပ်ခြင်း၊ ဖတ်ရှုခြင်းများ ပြုလုပ်နိုင်သော နေရာဖြစ်ပါသည်။ (မှတ်ချက်။ ။ Download ပြုလုပ်ပြီးသော Digital Paper ဖြစ်ပါက Journal Stand မှ ဖတ်ရှုသောလည်း Internet Connection လိုအပ်ခြင်း မရှိပါ။)

Digital Paper အား Download ပြုလုပ်ပုံ အဆင့်ဆင့်

Go to page သည် လိုချင်သော စာမျက်နှာအား ကျော်ဖတ်နိုင်ရန် အတွက်ဖြစ်ပါသည်။ Save သည် Digital Paper အား Download ပြုလုပ်နိုင်ရန် အမှတ်အသား ပြုလုပ်ခြင်းဖြစ်ပါသည်။ Digital Paper အား Download ပြုလုပ်နိုင်ရန် အတွက် ပထမဦးစွာ Save ကို နှိပ်ပါ။ ထို့နောက် My Journal Stand သို့ သွား၍ Download ကို နှိပ်ပါ။ Download ထားသော Digital Paper များအတွက် Internet Connection ထပ်မံ မလိုအပ်ပါ။

၎။ Mobile Application တွင် Zoom ဖြင့် ဖတ်ရှုခြင်း

ဒီဂျစ်တယ်သတင်းစာအား Zoom ပြုလုပ်၍ ဖတ်ရှုမည်ဆိုပါက ဖတ်ရှုလိုသော နေရာအား (၂)ချက် တို့လိုက်ခြင်းဖြင့် Zoom ဖြစ်သွားစေပါသည်။

 
Powered By Eleven Media Group
Eleven ဒီဂျစ်တယ်သတင်းစာ © 2017